ၾကားသိရသမွ်

ပေါက်မြို့နယ် တိုက်ပွဲမှာ စစ်အုပ်စု အရာရှိခေါင်းဆောင် ‌ေ-သဆုံးကာ အထိနာ လို့ လေကြောင်း ပစ်ကူပေးရ၊

MFP ၊ ဇူလိုင် – ၃၀

မကွေးတိုင်း ပေါက်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေ လုယက်ဓားပြတိုက် မီးရှို့နေတဲ့ အကြမ်းဖက် စစ်အုပ်စုကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရာ စကစတွေ အထိနာ အသေများပြီး လေကြောင်း ပစ်ကူပေးခဲ့ရတယ်လို့ လူငယ်တော်လှန်ရေး တပ်ဦး – YRF က သတင်း ထုတ်ပြန်ပါတယ်။

ဇူလိုင်(၂၈)ရက်က ပေါက်မြို့နယ် ကျားပစ်ကန်ရွာထဲ စီးနင်းဝင်မွှေ လုယက် မီးရှို့ပြီး တောင်မြင့်ရွာဘက် ထွက်လာတဲ့ အကြမ်းဖက် စစ်အုပ်စုကို ဒေသကာကွယ်ရေး တပ်တွေက စောင့်ကြိုတိုက်ခိုက်ရာ မနက်ပိုင်းနှင့် နေ့လည်ပိုင်းအချိန် တိုက်ပွဲ နှစ်ကြိမ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“ခေါင်းဆောင်တစ်ဦး ကျဆုံးကာ အခြေအနေ မဟန်တော့သော အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် လေယာဉ်ပစ်ကူခေါ်ကာ ညနေ (၅)နာရီအထိ နာရီဝက်ကြာ လေယာဉ်ဖြင့် ပစ်ခတ်ခဲ့ပါသည်။ ကျွန်ုပ်တို့ မဟာမိတ် တပ်ပေါင်းစုဘက်မှ လက်နက်အင်အား မမျှတမှု၊ ကျည် မလုံလောက်မှု တို့ကြောင့် ပြန်လည် ဆုတ်ခွာပေးခဲ့ရပါသည်။

ယခုထိတွေ့မှု နှစ်ကြိမ်တွင် အကြမ်းဖက် စစ်ကောင်စီဘက်မှ (၁၇) ဦး သေဆုံး၍ အများအပြားထိခိုက် ဒဏ်ရာရခဲ့ပါသည်။ ကျွန်ုပ်တို့ မဟာမိတ် တပ်ပေါင်းစုဘက်မှ ရဲဘော်တစ်ဦး ကျည်ထိမှန်၍ မစိုးရိမ်ရ ဒဏ်ရာရခဲ့ပါသည်” လို့ လူငယ်တော်လှန်ရေး တပ်ဦး – YRF က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို ပေါက်တောင်ပိုင်း ပျောက်ကြားတပ်ဖွဲ့ – SPGF ၊ PDF Pauk တပ်ရင်း(၄)၊ PDF Pauk တပ်ရင်း (၆)၊ Pauk Revolution Front – PRF ၊ Knight Commander PDF ၊ King Fighter – SGF နှင့် လူငယ်တော်လှန်ရေး တပ်ဦး – Young Revolution Front – YRF တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ ယခုရက်ပိုင်းအတွင်း ပေါက်နှင့် မြိုင်မြို့နယ် အပါအဝင် မကွေးတိုင်းထဲ နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ေပါက္ၿမိဳ႕နယ္ တိုက္ပြဲမွာ စစ္အုပ္စု အထိနာ အေသမ်ားလို႔ ေလေၾကာင္း ပစ္ကူေပးရ၊

MFP ၊ ဇူလိုင္ – ၃၀

မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ထဲ ရြာစဥ္ပတ္ေမႊ လုယက္ဓားျပတိုက္ မီးရွို႔ေနတဲ့ အၾကမ္းဖက္ စစ္အုပ္စုကို ေဒသကာကြယ္ေရး တပ္ဖြဲ႕ေတြက ၾကားျဖတ္တိုက္ခိုက္ရာ စကစေတြ အထိနာ အေသမ်ားၿပီး ေလေၾကာင္း ပစ္ကူေပးခဲ့ရတယ္လို႔ လူငယ္ေတာ္လွန္ေရး တပ္ဦး – YRF က သတင္း ထုတ္ျပန္ပါတယ္။

ဇူလိုင္(၂၈)ရက္က ေပါက္ၿမိဳ႕နယ္ က်ားပစ္ကန္ရြာထဲ စီးနင္းဝင္ေမႊ လုယက္ မီးရွို႔ၿပီး ေတာင္ျမင့္ရြာဘက္ ထြက္လာတဲ့ အၾကမ္းဖက္ စစ္အုပ္စုကို ေဒသကာကြယ္ေရး တပ္ေတြက ေစာင့္ႀကိဳတိုက္ခိုက္ရာ မနက္ပိုင္းႏွင့္ ေန႔လည္ပိုင္းအခ်ိန္ တိုက္ပြဲ ႏွစ္ႀကိမ္ ျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။

“ေခါင္းေဆာင္တစ္ဦး က်ဆုံးကာ အေျခအေန မဟန္ေတာ့ေသာ အၾကမ္းဖက္ စစ္ေကာင္စီ စစ္ေၾကာင္းသည္ ေလယာဥ္ပစ္ကူေခၚကာ ညေန (၅)နာရီအထိ နာရီဝက္ၾကာ ေလယာဥ္ျဖင့္ ပစ္ခတ္ခဲ့ပါသည္။ ကၽြန္ုပ္တို႔ မဟာမိတ္ တပ္ေပါင္းစုဘက္မွ လက္နက္အင္အား မမၽွတမႈ၊ က်ည္ မလုံေလာက္မႈ တို႔ေၾကာင့္ ျပန္လည္ ဆုတ္ခြာေပးခဲ့ရပါသည္။

ယခုထိေတြ႕မႈ ႏွစ္ႀကိမ္တြင္ အၾကမ္းဖက္ စစ္ေကာင္စီဘက္မွ (၁၇) ဦး ေသဆုံး၍ အမ်ားအျပားထိခိုက္ ဒဏ္ရာရခဲ့ပါသည္။ ကၽြန္ုပ္တို႔ မဟာမိတ္ တပ္ေပါင္းစုဘက္မွ ရဲေဘာ္တစ္ဦး က်ည္ထိမွန္၍ မစိုးရိမ္ရ ဒဏ္ရာရခဲ့ပါသည္” လို႔ လူငယ္ေတာ္လွန္ေရး တပ္ဦး – YRF က ေဖာ္ျပပါတယ္။

အဲ့ဒီ တိုက္ခိုက္မႈကို ေပါက္ေတာင္ပိုင္း ေပ်ာက္ၾကားတပ္ဖြဲ႕ – SPGF ၊ PDF Pauk တပ္ရင္း(၄)၊ PDF Pauk တပ္ရင္း (၆)၊ Pauk Revolution Front – PRF ၊ Knight Commander PDF ၊ King Fighter – SGF ႏွင့္ လူငယ္ေတာ္လွန္ေရး တပ္ဦး – Young Revolution Front – YRF တို႔ ပူးေပါင္း တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။

အၾကမ္းဖက္ စစ္အုပ္စုႏွင့္ ေဒသကာကြယ္ေရး တပ္ေတြ ယခုရက္ပိုင္းအတြင္း ေပါက္ႏွင့္ ၿမိဳင္ၿမိဳ႕နယ္ အပါအဝင္ မေကြးတိုင္းထဲ ေန႔စဥ္နီးပါး ထိေတြ႕ တိုက္ပြဲေတြ ျဖစ္ပြားေနပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *